ညီလေးစောချစ်သိချင်တဲ့ အထက်ပါမက်စေ့ဂ်ျမျိုးမပေါ်အောင်လုပ်နည်းကို ကျနော်ပြောပြချင်ပါတယ်။ လွယ် တယ်ဆိုပေမယ့် မသိရင်တော့ခက်တာချည်းပါပဲ။ အမှန်က Microsoft Answer က ကျနော်လင့်ကိုပဲတိုက်ရိုက် ပေးတော့မလို့ ဒါပေမယ့် အများအတွက်လဲ အကြိုးများအောင်ဆိုပြီး ပို့စ်အဖြစ်တင်ပေးလိုက်တယ်။ အောက်က စောချစ်ရဲ့ စီဘောက်စ်မှာမေးထားတဲ့မေးခွန်းလေးပါ။

စောချစ်: ကိုလင်းနက်စ်ေ၇။ ကူပါဦး ကျနော် firefox ဖွင့်လိုက်တိုင်း browser က တိုက်ရိုက်ပေါ်မလာဘဲ
စောချစ်: User Account Control box လေးပေါ်လာပြီး ဒီလိုလေးမေးတယ်
စောချစ်: do u want to allow the following program to make change to this computer? အဲဒါကို yes လုပ်လိုက်မှ
စောချစ်: firefox broswer က ဖွင့်လာတော့တယ် အဲဒါကို ဘယ်လိုပြန်လုပ်ရမလဲ ။ ကူညီပါဦးနော်

အောက်ပါနည်းလမ်းတွေနဲ့ အထက်ပါမက်စေ့ဂ်ျစာတန်းမပေါ်အောင်လုပ်ကြရအောင်…

Method (1)
လက်ရှိအသုံးပြုနေတဲ့ Mozilla Firefox ကို Uninstall ပြီးတော့ Re-install ပြန်လုပ်ပါ။

Method (2)
မိမိသစ်ထည့်သွင်းမယ့် application ဆော့ဝဲကို Administrator အနေနဲ့ ထည့်သွင်းခြင်း
(၁) main application (သို့မဟုတ်) ၎င်းဆော့ဝဲရဲ့ short cut ကို Right Click
(၂) Properties ကိုရွေး
(၃) Menu က compatibility tab ကိုရွေးပြီး "Run this program as an administrator." ထပ်ရွေးပါ။

Method (3)
User Account Control (UAC) ရဲ့ notifies သတ်မှတ်ပေးခြင်း

ဝင်းဒိုး 7 မှာ User Account Control settings တစ်ခုပါပါတယ်။ အဲဒါကို ဆော့ဝဲတွေထည့်သွင်းတဲ့အခါတိုင်း Security သဘောမျိုးနဲ့ မက်စေ့ဂ်ျတွေပေးလေ့ရှိတယ်။ အဲဒါကို မပေါ်စေချင်ရင် ကျနော်တို့ သူရဲ့ notify သတ် မှတ်ပေးရပါလိမ့်မယ်။
Always notify, Don’t notify, Never notify ဆိုပြီး level သုံးမျိုးပြထားပါတယ်။ အဲဒီသုံးမျိုးတွင် Don’t notify ရွေ့ထားလိုက်ပြီး apply> OK
အောက်ပါအဆင့်ဆင့်ဖြင့်သွားလိုက်ပါ….
Start > Control panel> User Account> Change User Account Control settings (သို့မဟုတ်) Start ရဲ့ Search Box မှာ uac ကိုသာရိုက်ထည့်လိုက်ပါ။
Change User Account Control settings ဘောက်စ်ပေါ်လာရင် အောက်ပါပုံအတိုင်း Don’t notify ကိုသာနှိပ် ပြီး apply > OK


စက်ကို Restart ….

အဆင်ပြေပါစေ…
စောလင်းနက်စ်

Related Post