Prevent Your pen drives (or) USB Devices From Virus

Posted in February 26, 2012
by sawlinux

ကျနော်လဲ ဒီတစ်ရက်နှစ်ရက် အလုပ်နည်းနည်းရှုပ်တာရယ် မဟုတ်တဲ့အလုပ်ကို ဟုတ်အောင်လုပ်တာရယ် ကြောင့် တစ်ချို့လာမေးသူတွေရဲ့ မေးခွန်းတွေကို ပြန်မဖြေပေးနိုင်သေးတာတောင်းပန်ပါတယ်။ ကျနော်ရဲ့ သူငယ်ချင်းအားလုံးကို၎င်း ရောက်လာတဲ့ ဗစ်စစ်တာအားလုံးကိုသော်၎င်းလေးစားပါတယ်လို့ပြောပါရစေ…
ဗိုင်းရပ်စ်နဲ့ပတ်သက်ရင် pen driver (or) usb driver တွေမှာ အရင်သန့်ရှင်းအောင်ထားဖို့လိုတာကြောင့်
ကျနော်ဒီတော့ပစ်ကို ရေးလိုက်တာပါ။ (အရင်ကသိမ်းထားတဲ့ မနောသားဆိုက်မှမှီငြမ်းထားသည်)

VIRUS ဆိုတာကို PC/laptop's တွေမှာ ယေဘုယျအားဖြင့် Network မချိတ်ထားတဲ့သူတွေတောင် ခံစားရကြပါတယ် ...အဲဒါဆို ဘယ်ကနေ၀င်လဲအဲဒီ VIRUS တွေက ..မေးစရာရှိလာပါတယ် ..Pen Drives (OR) USB Devices တွေကနေ၀င်လာတာပါ ..တစ်ချို့သော VIRUS တွေဟာ Ravmon Virus , Heap41a worm တွေနဲ့
အလားသဏ္ဍန်တူပြီး အဲဒီ VIRUS တွေ Pen Drives (OR) USB Devices တွေထဲမှာရှိနေရင် Anti-Virus တော် တော်များများဟာ VIRUSတွေကိုမသတ်နိုင်ကြပါဘူး..ဒါကြောင့် အဲဒီ VIRUS တွေ Pen Drives (OR) USB
Devices ထဲ မရောက်အောင် ၊ ရောက်လာရင်လဲ ဘယ်လို ရှင်းရအောင် ဆိုတာလေးကို အောက်မှာရေးပေးထားပါတယ်..

Pen Drives (OR) USB Devices ကို ကွန်ပျုတာမှ တပ်လိုက်ပါ ..ပြီးရင် My computer ကိုဝင်ပြီး ယခုတပ် လိုက်တဲ့ Drive Letterကို မှတ်သားထားလိုက်..

{ ဥပမာ - Sawlinux ( I ) လို့ ရေးထားတယ်ဆိုရင် Drive Letter က I ပေါ့ ..ဒါကို ဆိုလိုတာပါ } ပြီးရင်
Start --> Run --> cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ...Command Window ( cmd ) တက်လာ မယ် ..

Command Window ( cmd ) တက်လာရင် ခုနက မှတ်လာတဲ့ Pen Drives (OR) USB Devices ရဲ့Drive Letter ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..

{ ဥပမာ - ........ >I: } -- ( : ) ပါရမည် ...

Pen Drives (OR) USB Devices ရဲ့Drive ကိုရောက်ပြီဆို dir/w/o/a/p လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..

အဲဒါဆိုရင် Pen Drives (OR) USB Devices ရဲ့Drive ထဲက ရှိသမျှ ဖိုင်တွေ List ထွက်လာမယ် ..
အဲဒီ List ထဲမှာ ရှာကြည့်ပါ ..အောက်မှာ ဖော်ပြပေးထားတဲ့ ဖိုင်အမည်တွေ ပါလားဆိုတာ...

• Autorun.inf
• New Folder.exe
• Bha.vbs
• Iexplore.vbs
• Info.exe
• New_Folder.exe
• Ravmon.exe
• RVHost.exe

အပေါ်က ဖော်ပြပေးထားတဲ့ ဖိုင်တစ်ခုခုပါလာရင် -

Run Command ကနေ attrib -h -r -s -a *.* လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..ပြီးရင် ဖိုင်တွေ ဖျက်ဖို့အတွက် Command မှာ del filename လို့ ရိုက်ထည့်ပြီး ဖျက်လိုက်ပါ ..
{ ဥပမာ - del autorun.inf } -- Filename ဆိုတဲ့နေရာမှာက ဖျက်မဲ့ ဖိုင်အမည်ကို ထည့်ရေးပေးရပါမယ် ..

ပြီးသွားပြီဆိုရင် ပိုသေချာသွားအောင် Pen Drives (OR) USB Devices ကို Antivirus တစ်ခုခုနဲ့ ထပ်စစ်လိုက်ပါ ...ဒါဆို အဆင်ပြေပါပြီ ..

Related Post