ကျနော်အခုရေးပြမယ့်ပို့စ်က Web Page, Blog တွေရဲ့ ပို့စ်တွေကို မိမိ PDF ဖိုင်နဲ့ Print out လုပ်ချင်တဲ့အခါ ပြုလုပ်ရမည့်နည်းလမ်းကို ကျနော်ရေးပြချင်ပါတယ်။ အပိုင်း (၂) ခုနဲ့ ခွဲပြီးရေးမှပြည့်စုံမယ်ထင်တယ်။ တစ်ပိုင်း က UDC ဆော့ဝဲကိုထည့်သွင်းပုံနဲ့ setting ပြုလုပ်ပုံရေးပြမယ်။ နောက်တစ်ပိုင်းက PDF Print icon ကို မိမိ Web, Blog မှာ ထည့်သွင်းပုံဆိုပြီး ရေးပြသွားမှာပါ။ အဲဒီအပိုင်းနှစ်ခုနဲ့ပြည့်စုံအောင်ပြုလုပ်ထားပါမှ အထက်ပါ ခေါင်းစဉ်နဲ့ပြုလုပ်နိုင်မှာဖြစ်တယ်။

အပိုင်း (၁)

Universal Document Converter –UDC Download and Install

Download Here

နောက်ပြီးဒီဆော့ဝဲကို full version ဖြစ်အောင် crack ပြုလုပ်ရမယ်။ နက်ကွန်နက်ရှင်ဖွင့်ထားရင် အရင်ပိတ်ထား လိုက်ပါ။ Crack ဖိုလ်ဒါထဲက “udceng” ဆိုတာကို copy ယူထားလိုက်ပါ။ ပြီးတော့ အောက်ပါ path (Directly) အတိုင်းရောက်အောင်သွားပြီး ၎င်း copy ယူထားတဲ့ “udceng” ကို paste ချလိုက်ရုံပါပဲ။ 32 bit နဲ့ 64 bit အတွက် နှစ်ခုစလုံးရဲ့ထည့်ရမယ့် path အောက်ပါအတိုင်းပြ ထားပါတယ်။

C:\WINDOWS\system32\spool\drivers\w32x86\3
C:\WINDOWS\system32\spool\drivers\x64\3

(ကျနော်လုပ်တုန်းက ဒါတွေကို မကြည့်မိလို့ program file က သူရဲ့ udc path ကို crack သွားထည့်မိလို့ တော် တော်နဲ့ အဆင်မပြေဘူးဖြစ်သွားတယ်။ သတိထားပါ။ အပေါ်က path အတိုင်းသာသွားရောက်ထည့်ပါ)

Universal Document Converter –UDC ကို setting ပြုလုပ်ခြင်း

ဒီ Universal Document Converter –UDC ကို IE (Internet Exploror) နဲ့ပဲ setting ပြုလုပ်ရမယ်။ IE နဲ့ပြု လုပ်ထားသော်လည်း ဘယ်ဘရော့စာနဲ့ပဲထုတ်ထုတ်အားလုံးအဆင်ပြေပါတယ်။ ဒါမှမဟုတ် print out လုပ်တဲ့ အခါမှလဲ Setting ချိန်းလို့လဲရနိုင်ပါတယ်။ ဒီ setting လုပ်ပုံကတော့ သံလုံငယ်ဆိုက်ကနေပဲ မှီငြမ်းထားပါ တယ်။ ပုံတွေကတစ်ချို့ active မဖြစ်တော့လို့ ကျနော်မထည့်တော့ပါဘူး။ ပုံမပါလဲ လုပ်ရတာအဆင်ပြေနိုင် ပါတယ်။ ကဲ…လုပ်မယ်..

IE (Internet Exploror) ကို ဖွင့်ပါ။ menu bar က Tools – Internet Options ကို နှိပ်ပါ။


Internet Options ရဲ့ Advanced ဆိုတဲ့ tab ထဲက Printing အောက်မှာ ရှိတဲ့ Print Background colors and images ကို check ပေးပါ။

ပြီးရင် Menu Bar ပေါ်တွင် Print Icon ကိုနှိပ်ပြီး Page setup ကို နှိပ်ပါ။ (ဒီနေရာတွင် IE ဗားရှင်းအလိုက်ကွာ ခြားနိုင်သည်)

Header နဲ့ Footer အောက် စာသားအားလုံးကို ဖျတ်ပေးပါ။

ပြီးရင် Menu Bar ပေါ်က Print (Ctrl+P) ကိုနှိပ်ပါ။ အောက်ပါ အတိုင်း Print ဘောက်စ် ပေါ်ပါလိမ့်မယ်။ Universal Document Converter ကို ရွေးပြီး Preferences နှိပ်ပါ။ (ဒီနေရာမှာလဲ udc ဗားရှင်းအလိုက် setting ထားတဲ့နေရာမှာ တစ်ခုနဲ့တစ်ခုအနည်းငယ်ကွာခြားနိုင်သည်ကို သတိပြုပါ)

Printing Preferences – Settings ကို အောက်ပါအတိုင်း လိုက်ပြောင်းပေးပါ။
1 : Current Profile ကို Web-page, Web-form to JPEG, Color လို့ ရွေးပေးပါ။
2 : Page size: မှာ Taboid ကိုရွေးပေးပါ။


ပြီးရင် Image Settings ဆိုတဲ့ tab ကို နှိပ်ပါ။ file format : PDF Document ကို ရွေးပေးပါ။

Output ဆိုတဲ့ tab ကို ထပ်နှိပ်ပါ။ Options : Create multipage PDF file containing all pages ကို ရွေးပေးပါ။

(location ဘေးက icon လေး နှိပ်ပြီး မိမိ save ချင်တဲ့ နေရာကို ရွေးပေးလို့ ရပါတယ်။ ဒီတိုင်းထားလိုက်ရင် C:\UDC Output Files ထဲကို ရောက်နေပါလိမ့်မယ်။ C မှာ windows တင်ထားတယ်ဆိုရင်ပေါ့)

ဒါဆိုရင် web page တွေ့ရဲ့ ပို့စ်တွေ လိုချင်တဲ့အပိုင်းတွေကို PDF အဖြစ်နဲ့ထုတ်လို့ရပါပြီ။ (Capture ရိုက်လိုက်တဲ့ သဘောပဲ ဖြစ်တဲ့အတွက် Font ရွေးစရာ မပေါ်နိုင်စရာ ဘာမှ မရှိပါဘူး)

UDC ဆော့ဝဲထည့်သွင်းပုံနဲ့ Setting ပြုလုပ်ပုံတို့အတွက် အဆင်ပြေပြီးဆိုရင်….

အပိုင်း (၂)

Print PDF icon ကို Web, Blog မှာထားခြင်း

အောက်ပါဆိုက်ကိုဖွင့်ပါ…
ဒီမှာနှိပ်ပါ

Select Site Type ကိုရွေးပါ။ ကျနော်ကတော့ website ကိုရွေးလိုက်တယ်။ ဒိုးမိန်းနိမ်းနဲ့မလုပ်ထားရင် blogger ကိုပဲေ၇ွးလိုက်ပါ။
Choose Style ကို မိမိနှစ်သက်ရာ ပုံစံတစ်ခုခုကိုရွေးပါ။
Copy the code တွင် ၎င်းရဲ့ code တွေကို ကော်ပီယူထားလိုက်ပါ။ ပြီးတော့ မိမိဆိုက်တွင် (ဘလော့တွင်) Design> Add Gigate> HTML/Javascript ကိုနှိပ်ပြီး ကော်ပီယူထားတဲ့ code တွေကို paste ချပါ။ ပြီး တော့ Save ထိုက်နော် မိမိနှစ်သက်ရာ နေရာမှာထားလိုက်ရုံပါပဲ။ ကျနော်ကတော့ ပို့စ်အထက်မှာထားတယ်ဗျာ။
အားလုံးပြီးပါပြီ

အဆင်ပြေပါစေ…
စောလင်းနက်စ်

Related Post