နောက်ထပ်ဒရိုက်ဘာပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ပို့စ်တစ်ပုဒ်လောက်တင်လိုက်မယ်။ ကျနော် PC တွေကို window တင်ပေးရင်းနဲ့ ရရှိလာတဲ့အတွေ့အကြုံတစ်ချို့ကိုဝေငှခြင်းသာဖြစ်ပါတယ်။ သိပြီးသားဆိုလဲကျော်
သွား ပေါ့ဗျာ။ သူများစက်ကို ၀င်းဒိုးပြန်တင်ပေးတယ်ဆိုတာ စက်ဟောင်းနဲ့ စက်အသစ်နှစ်မျိးရယ်လို့ အကြမ်း
အားဖြင့် သိ နိုင်ပါတယ်။

အခုနောက်ပိုင်းစက်တွေကတော့ သိပ်ပြဿနာမရှိပေးမယ့် စက်အဟောင်းတွေဆို လုပ်ရကိုင်ရတာ တော်ကို
လက်ဝင်တယ်။
အထူးအားဖြင့်တော့ Driver ပြဿနာပေါ့ဗျာ။ စက်အသစ်ဖြစ်သော်ငြားလဲ တစ်ချို့စက်တွေမှာ window 7 တင် လိုက်တာနဲ့ automatic driver detect မလုပ်တာအများကြီးရှိပါတယ်။ ဒါလဲ ဒရိုက်ဘာအဆင်သင့်မရှိခဲ့ရင် အဲဒီပြဿနာကိုဖြေရှင်း ရမှာပဲ။ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကျနော်ညွန်းချင်တဲ့သဘောပါပဲ။ ကဲ…ဥပမာ…စိုကြပါစို့ စက်တစ် လုံးကို Window တင်လိုက်ပါပြီ ( Window 7 ဖြစ်စေ၊ XP ဖြစ်စေ)။ Driver detect automatic ဖြစ်တဲ့ စက်အ တွက် ဒါအထူးအထွေပြောစရာမလိုတော့ဘူးပေါ့။ ဒရိုက်ဘာအတွက်
ကိစ္စချောသွားပါပြီး။

Driver automatic detect မလုပ်တဲ့စက်အတွက် ဆက်ပြောရအောင်…
(a) window 7 အတွက်ဆို window 7 Driver Pack နဲ့ ဖြေရှင်းစေချင်တယ်။ ပြီးခဲ့တဲ့ပို့စ်မှာ ပြန်ဖတ်ပြီး ဒီမှာ
ဒေါင်းယူနိုင်ပါတယ်။
(b) window xp အတွက် window xp Driver Pack နဲ့ဖြေရှင်းလိုက်ပါ။ ဖြေရှင်းနည်းလွယ်ပါတယ်။ဆော့ဝဲကို
ဒီမှာ ဒေါင်းပါ။ ပြီးတော့ ၎င်းဖိုလ်ဒါ ထဲမှာပါတဲ့ autorun ဆိုတာကို နှိပ်ပြီးအနီရောင်ပြတဲ့ လိုအပ်တဲ့ဒရိုက်ဘာ
တွေကို တစ်ခုချင်းဆီလိုက်နှိပ်ရုံပါပဲ။
အထက်ပါဖြေရှင်းနည်းတွေဟာ Driver Pack ကိုအသုံးပြုပြီးတော့ ဒရိုက်ဘာပြဿနာကိုဖြေရှင်းတဲ့နည်းဖြစ်
ပါ တယ်။

အထက်ပါနည်းတွေနဲ့မှ ဖြေရှင်းလို့အဆင်မပြေသေးဘူးဆိုရင် နောက်ထပ်ဖြေရှင်းနိုင်တဲ့နည်းများကတော့
ဆော့ဝဲ တွေကိုအသုံးပြုပြီးဖြေရှင်းတဲ့နည်းလမ်းများပဲဖြစ်ပါတယ်။ ဒါဆို ဒီဆော့ဝဲတွေကိုဘယ်လို့အသုံးချရ
မလဲ။ အကြမ်း ဖျင်းအားဖြင့်ပြောကြရအောင်…အသုံးပြုပုံ နည်း (၂) မျိုးနဲ့ရှိပါတယ်။

(a) ဒရိုက်ဘာမရှိတဲ့စက်တစ်လုံးကို ၀င်းဒိုး မချခင် ၎င်းဆော့ဝဲကိုစက်မှာထည့်သွင်းပြီး ၎င်းစက်ရဲ့ဒရိုက်ဘာ
ကို ဒီဆော့ဝဲနဲ့ Backup လုပ်ထားရမယ်။ Back up လုပ်ထားတဲ့ ဒရိုက်ဘာဖိုင်ကို သေချာသိမ်းထားပါ။ (usb / HDD) စသည်ပေါ့။ ၀င်းဒိုးပြန်တင်ပြီးတဲ့အခါ ဒီ ဆော့ဝဲကို ပြန်မောင်းလိုက်ပါ။ ပြီးတော့ ဒီဆော့ဝဲမှာပါတဲ့ Restore Driver နဲ့ ၎င်းသိမ်းထားတဲ့ ဒရိုက်ဘာ Back up ဖိုင်ကို ပြန်ယူပြီး restore လုပ်လိုက်ပါ။ (အင်တာနက်ကွန်နက်ရှင်မရှိတဲ့နေရာမှာ အသုံးတည့်သည်)။ ဒရိုက်ဘာအတွက် အဆင်ပြေသွားနိုင်ပါတယ်။

(b) နောက်တစ်မျိုးကတော့ အင်တာနက်ကွန်နက်ရှင်ရှိတဲ့နေရာမျိုးပေါ့ဗျာ။ စက်တွေကို ၀င်းဒိုးတင်ပြီးတာနဲ့ ဒီ ဆော့ဝဲတွေကိုထည့်သွင်းလိုက်ပါ။ ဆော့ဝဲတွေကို full version ဖြစ်အောင်လုပ်ထားဖို့မမေ့နဲ့နော်။ ပြီးတော့ ဒီဆော့ဝဲတွေမှာပါတဲ့ Scan Driver ဆိုတာကိုနှိပ်။ scan ပြီးတာနဲ့ update လုပ်ရမည့် Driver တွေကို ညွန်ပြ
ပေး မှာဖြစ်ပါတယ်။ အဲဒါကို update driver ကိုနှိပ်ပြီး ဒေါင်းလုဒ်ရမည့်ဒရိုက်ဘာတွေကို တစ်ခုချင်းဆီ
ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ မိမိ လိုအပ်မည့်ဒရိုက်ဘာတွေကို ဒေါင်းလုဒ်ပြီး အင်စတောသာလုပ်လိုက်ပါ။ ဒါဆို ဒရိုက်ဘာပြဿ နာတွေ အများစုပြေလည်သွားနိုင်ပါတယ်။ ကျနော်ရေးပြခဲ့နည်းများသည် ဒရိုက်ဘာပြဿနာ
အတွက် အထောက် အကူပြုယုံမျှသာဖြစ်သည်။ အသေးစိပ်ကိုတော့ ကိုယ်တိုင်စမ်းကြည့်ရင်းနဲ့ သိသွားမှာ
ဖြစ်ပါတယ်။

အောက်ပါ Driver ပြဿနာကို ဖြေရှင်းပေးနိုင်သောဆော့ဝဲများကို စုပေါင်းပြီးတင်ပေးလိုက်တယ်။ ကြိုက်တာတစ် ခုကို ဒေါင်းပြီးအသုံးပြုပါ။ ကျနော်ကတော့ Driver genius Pro နဲ့ Driver Reviver လိုအပ်ရင်အသုံးပြုပါတယ်။

Download Driver Software :
Driver Reviver 3.1.648.11122 (FULL).rar
Driver Genius Professional 10.0.0.761 (FULL).rar
Driver Checker 2.7.5 (FULL).rar
DriverEasy Professional v3.10.0.26694 Full.rar

စောလင်းနက်စ်

Related Post