ကျနော့်ဆိုက်မှာလူမှုရေးသတင်းမတင်တာကြာခဲ့ပါပြီ။ ဒါပေမယ့် ကျနော်ဘန်ကောက်ပြန်နေတော့ ရပ်ရွာပရဟိ တအကျိုးများကိုနိုင်သလောက်လေးနဲ့ ရွာသူ၊ ရွာသားများနဲ့ပူပေါင်းပြီးလုပ်ခဲ့ကြပါတယ်။ ဒါကလည်းတပိုင်တနိုင် လေးပေါ့။ ဒါကြောင့်အဝေးမှာနေကြတဲ့ ကျနော်တို့ရွာသူ၊ ရွာသားများတွေ့ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရလေအောင် တင်ပေးလိုက်တာပါ။
(၄) လလျှင် တစ်ကြိမ်ဖြင့် ကျနော်တို့ ”မျိုးဆက်သစ်ထီဖိုးစံလူငယ်များရာသက်ပန်ရံပုံငွေ” အစည်းအဝေး ကို ကျင်းပခဲ့ကြပါသည်။ ဒါကြောင့် ”မျိုးဆက်သစ်ထီဖိုးစံလူငယ်များရာသက်ပန်ရံပုံငွေ” အစည်းအဝေး ကို (၁- ၁-၂၀၁၂) တနင်္ဂနွေနေ့တွင် ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းမှာ ကျနော်တို့တွေ့ဆုံခဲ့ကြပါသည်။
တကယ်တော့ ဒီထီဖိုးစံရွာရဲ့ရံပုံငွေအဖွဲ့အစည်းဖြစ်ပေါ်လာဖို့ အင်တိုက်အားတိုက်ကြိုးစားပေးခဲ့ကြတဲ့ ကျနော် ထီဖိုးစံရွာက လူငယ်အဖွဲ့ဝင်ကော်မတီအားလုံးကို အထူးပင်ကျေးဇူးတင်ရမှာပါ။ သူတို့တစ်ထွေဟာ အကယ်၍ အဲဒီတုန်းက (၂၀၀၉-ခုနှစ်တုန်းက) စတင်ပြီးအကောင်အထည်မဖေါ်ခဲ့ကြလျှင် ဒီလိုထီဖိုးစံရွာအတွက် ရံပုံတစ် ရပ်ပေါ်ပေါက်လာမည်မဟုတ်ပါ။ အခုအဲဒီကျေးရွာလူငယ်ကော်မတီတွေရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ထီဖိုးစံ ရွားအတွက် အသီးအပွင့်လေးတွေရရှိခံစားလာမှာဖြစ်ပါတယ်။ သုံးနှစ်တိုင်ကာလအတွင်းမှာရံပုံငွေရဲ့အတိုးအ ရင်းဘယ်လောက်ပေါ်ပေါက်လာတယ်၊ ရလာတယ်ဆိုတာ အောက်မှာကျနော်ဆက်လက်တင်ပြပေးသွားမှာပါ။
မျိုးဆက်သစ်ထီဖိုးစံလူငယ်များ ရာသက်ပန်ရံပုံငွေ ၂၀၁၁-ခုနှစ် တတိယ (၄)လ (၄-၉-၂၀၁၁)မှ (၁-၁-၂၀၁၂) နေ့အထိ ရံပုံငွေအရင်းနှင့်အတိုးများစာရင်း…
(၁) အောက်ပိုင်းနှင့်ကော့သာဆူး ၊ ရံပုံငွေအရင်း = ၁၃၀၀၀၀ ၊ ရံပုံငွေအတိုး = ၁၅၆၀၀
(၂) ကော့ဖန်ရပ်အုပ်စု ၊ ရံပုံငွေအရင်း = ၁၂၀၀၀၀ ၊ ရံပုံငွေအတိုး = ၁၄၄၀၀
(၃) ကွီမံတိုင်အုပ်စု ၊ ရံပုံငွေအရင်း = ၁၁၀၀၀၀ ၊ ရံပုံငွေအတိုး = ၁၃၂၀၀၀
(၄) အထက်ပိုင်းနှင့်နောင်ထွတ်ထာ ၊ ရံပုံငွေအရင်း = ၈၀၀၀၀ ၊ ရံပုံငွေအတိုး = ၉၆၀၀
(၅) မြပတိုင်နိုင်အုပ်စု ၊ ရံပုံငွေအရင်း = ၈၀၀၀၀ ၊ ရံပုံငွေအတိုး = ၉၆၀၀
(၁-၁-၂၀၁၂) နေ့အထိ …
စုစုပေါင်းရံပုံငွေအရင်းများ = ၅၂၀၀၀၀ (ငါးသိန်းနှစ်သောင်း (ဘတ်)
ရံပုံငွေအတိုးများ = ၆၂၄၀၀ (ခြောက်သောင်းနှစ်ထောင်လေးရာ (ဘတ်)
ရံပုံငွေအရင်း၊ အတိုးများစုစုပေါင်း = ၅၈၂၄၀၀ (ငါးသိန်းရှစ်သောင်းနှစ်ထောင်လေးရာ (ဘတ်)
အထက်ပါရံပုံငွေများသည် ထီဖိုးစံကျေးရွာရဲ့အနာဂါတ်အတွက် ပညာရေးဆိုင်ရာစသည်များအသုံးပြုသွားမည် ဖြစ်ကြောင်း အနီး၊အဝေးရှိထီဖိုးစံရွာသူ၊ရွာသားများအားလုံးအသိပေးအပ်ပါသည်။
(၁- ၁-၂၀၁၂) ရက်နေ့ နွန်ထဘူရီကျောင်းထီဖိုးစံကျေးရွာလူငယ်များအမှတ်တရဓာတ်ပုံ
0 comments:
Post a Comment