Basic Computer Hardware Components

Posted in January 27, 2012
by sawlinux

Computer Hardware Components ကွန်ပျူတာဟဒ်ဝဲရဲ့အစိတ် အပိုင်းတွေကို စတင်လေ့လာသူများအတွက်
ရေးလိုက်တာပါ။ မိမိအသုံးပြုတဲ့ကွန်ပျူတာမှာ ဘယ်ဟာကပါလဲဆိုတာ စတင်လေ့လာတဲ့ပုဂ္ဂိုလ်များ အနေနဲ့ ခွဲ
ခြားပြီး သိဖို့မလွယ်ဘူးမလား။ ပုံနဲ့ပြလိုက်ရင် တန်းကနဲပိုပြီးသိလွယ်နိုင်တော့ ဒီပို့စ်ကိုတင်ဖို့ စိတ် ကူးဖြစ်လာ တာ။ တစ်ခြားဆိုက်မှာလေ့လာရင်လဲရနိုင်ပါလျှက်နဲ့ ဒီနေရာမှာထပ်ပြီးရေးပြခြင်းသည် ”သူ့နည်းသူ့ဟန် ကိုယ့် နည်း ကိုယ့်ဟန်” နဲ့ပေါ့ဗျာ။

ကွန်ပျူတာဟဒ်ဝဲရဲ့အစိတ်အပိုင်းတွေကို လေ့လာကြည့်ရအောင်…

၁။ ဒီပုံကတော့ Computer Casing, ( System ဘုံး), (Main Board) လို့ခေါ်ကြပါတယ်။ ဟဒ်ဝဲ အစိတ်အပိုင်း အားလုံးသည် ဒီနေရာမှာလာရောက်တပ်ဆင်ထားရသည်။


၂။ ဒါကတော့ CPU (Central Process Unit) ဖြစ်ပါတယ်။ CPU သည်ကွန်ပျူတာတစ်ခုလုံးရဲ့အခြေခံ အကျဆုံး မှတ်ဉာဏ်လုပ်ငန်းစဉ်ပြောရပါလိမ့်မယ်။
(CPU ရဲ့ ကုမ္ပဏီ၊ Version ၊ Speed တွေကို ရွေးချယ်တတ်ဖို့လိုပါတယ်)

၃။ ဒီပုံကတော့ RAM ချောင်းတွေပဲဖြစ်ပါတယ်။ RAM သည် Motherboard ကနေ ဆက်သွယ်ပေးတဲ့ memory ၊ Data တွေမပျောက်အောင်ခဏထိန်းသိမ်းပေးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
(RAM သည် အရှည်နှစ်ချောင်းကတော့ ဒက်စ်တော့ပ်အတွက်၊ အတိုတစ်ချောင်းကတော့ လက်ပ်တော့အတွက်ဖြစ်ပါတယ်)


၎။ ဒီပုံကတော့ Motherboard ဖြစ်ပါတယ်။ Motherboard သည် ကွန်ပျူတာအစိတ်အပိုင်းများတွင် အရေးအ ကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာ system အားလုံးသည် ဒီ Motherboard မှာ လာရောက် ဆက်သွယ်ပေးရသည်။

၅။ ဒါကတော့ Power Supply လို့ခေါ်ပါတယ်။ သူကတော့ မီးချုပ်လို့သိရမယ်။ အခြားသောအစိတ်အပိုင်းတွေအ လုပ်လုပ်နိုင်အောင် မီးပါဝါတွေပို့လွတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။

၆။ ဒီပုံသည် Hard Drive လို့ခေါ်ပါတယ်။ Hard Drive ဆိုတာ ဖိုင်၊ ဒေတာ၊ ပရိုဂရမ်၊ OS တွေကို အမြဲတန်းသိမ်း စည်းထားတဲ့နေရာတစ်ခုဖြစ်တယ်။

၇။ ဒီပုံသည် Disk Drive ဖြစ်ပါတယ်။ သူကတော့ CD/ DVD Rom လို့လည်းခေါ်ပါတယ်။

၈။ ဒီပုံသည် Video Card (VGA Video Graphic Card) လို့ခေါ်ပါတယ်။ သူသည် CPU မှ Binary code တွေကို ပြောင်းလဲပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် monitor မှာ ရုပ်တွေကြည်လင်ပြတ်သား အောင်လုပ်ဆောင်ပေးနိုင်တဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

၉။ ဒီပုံကတော့ အားလုံးသိပြီးသားပါ။ Monitor ပေါ့ဗျာ။

၁၀။ ဒါကတော့ Keyboard ပဲဖြစ်ပါတယ်။ စာလုံးတွေကိုရိုက်ဖို့ပါ။

၁၁။ ဒီပုံကတော့ Mouse ဖြစ်ပါတယ်။ သူကတော့ ကိုယ်လိုချင် သိချင်တဲ့အကြောင်းအရာတစ်ခုကို မျှားနဲ့ညွန်းပြီး ၎င်း interface မျက်နှာပြင်ပေါ်တည့်တည့်တွင် click လိုက်ရုံပါပဲ။


ref : http://komputertips4u.blogspot.com/2012/01/learn-basic-computer-components.html

စောလင်းနက်စ်

Related Post