The security information is invalid...Message Error ဖြေရှင်းနည်း

Posted in April 10, 2011
by sawlinux

The security information is invalid or has been modified. this
program will be terminated?

အထက်ပါ Message Error မျိုး အချို့စက်မှာတွေ့ဖူးကြပါလိမ့်မယ်။ အဲဒီ Message Error
ကိုဖြေရှင်းတဲ့နည်းလေးပြောပြမလို့။ ဒီပြဿနာဟာ ဆော့ဝဲကြောင့်ဖြစ်တာများပါတယ်။ ကျနော်အ
ရင်က Window 7 မှာလုပ်ပေးတုန်းက Ulead Video 11 ၊ နောက် XP စက်တစ်လုံးကျ
တော့ Corel VideoStudio 12 ဆော့ဝဲကြောင့်ဖြစ်ပါတယ်။

ဒီအကြောင်းတွေကိုထောက်ရှုလျှင် အထက်ပါ Message Error တို့ဟာ အောက်ပါဆော့ဝဲနှစ်
ခုတို့ကြောင့် ဖြစ်ပေါ်လာတယ်လို့ယူဆလို့ရပါတယ်။
(၁)Ulead Video 11
(၂)Corel VideoStudio 12
ဒီဆော့ဝဲနှစ်ခုဟာ မိမိတင်ထားတဲ့ဝင်းဒိုးနဲ့အဆင်မပြေမှုကြောင့် အထက်ပါမက်စေ့ဂ်ျပေါ်လာတာပါ။

ဒါဆိုဘယ်လိုဖြေရှင်းမလဲ...
(၁) Control Panel > Add and Remove Hardware {Window XP} OR
Control Panel > Programs and Features {Window Vista and 7) တွင်
အထက်ပါဆော့ဝဲနှစ်မျိုးကို Uninstall လုပ်လိုက်ပါ။

(တစ်ချို့စက်တွင် Registry Editor တွင် Ulead ရဲ့ key,value,data အကုန်ဝင်ဖျက်ဖို့လိုတယ်)


(၂) Run တွင် msconfig ရိုက်ထည့်ပြီး system configuration ဖွင့်ပါ။ ထိုနောက်
system configuration ပွင့်လာရင် ၎င်း Menu တွင် Start up ကိုနှိပ်ပြီး uvpl.exe
ရှာပါ။ တွေ့လျှင် လေးထောင့်ကွက်အမှန်ခြစ်ကို ဖြုတ်ပါ။ ပြီးတော့ apply > OK

ကွန်ပျူတာကို Restart ပေါ့ဗျာ...

အဆင်ပြေပါစေ...
စောလင်းနက်စ်

Related Post