ကွန်ပြူတာတလုံးမှာ ပါဝင်တာတွေ

Posted in April 9, 2010
by sawlinux

ကွန်ပြူတာတလုံးမှာ ဟာ့ဒ်ဝဲ နဲ့ ဆော့ဝဲ ဆိုပြီး အမျိုးအစား ၂မျိုးဘဲ ပါဝင်ပါတယ်။ မောက်စ်၊ ကီးဘုတ်တို့လို ကိုင်တွယ် ထိတွေ့လို့ရတာတွေက ဟာ့ဒ်ဝဲပါ။ ကွန်ပြူတာကို ခိုင်းစေနိုင်ဖို့ဖြစ်ပြီး ကိုင်တွယ်ထိတွေ့လို့ရတာမျိုးမဟုတ်တာက ဆော့ဝဲပါ။

ဟာ့ဒ်ဝဲ (Hardware)
အဓိက ဟာ့ဒ်ဝဲများ
Monitor - ကွန်ပြူတာမှာ ဖြစ်ပျက်လုပ်ဆောင်နေတာတွေကို ဖော်ပြပေးမယ့် တီဗီဖန်သားပြင်ဖြစ်ပါတယ်။
Keyboard - စာတွေရိုက်ထည့်ဖို့ဖြစ်သလို၊ ကွန်ပြူတာကို အမိန့်ပေးခိုင်းစေဖို့လည်း သုံးနိုင်ပါတယ်။
Mouse - ကွန်ပြူတာကို အမိန့်ပေးခိုင်းစေဖို့ပါ။

System Unit - ကွန်ပြူတာမှာပါဝင်တဲ့ ပစ္စည်းအားလုံးကို ဆက်စပ်ထိန်းချုပ်ပေးသူဖြစ်ပါတယ်။
Motherboard (CPU) - ကွန်ပြူတာဆက်စပ်ပစ္စည်းအားလုံး ဒီမှာလာပြီး ဆက်သွယ်ထားရပါမယ်။
Hard Disk Drive - Operation System အလုပ်လုပ်ဖို့၊ အချက်အလက်တွေ သိမ်းဆည်းဖို့ပါ။
CD/DVD Rom - အခွေတွေ ဖွင့်ဖို့ပါ။
Memory Card (RAM) - ယာယီမှတ်ဉာဏ်ဖြစ်ပါတယ်။ ကွန်ပြူတာ အနှေးအမြန်ဟာ သူနဲ့အဓိက သက်ဆိုင်ပါတယ်။
Sound Card - အသံထွက်စေဖို့ပါ။
Video Card (VGA) - ရုပ်ပုံတွေ မြင်ရစေဖို့ပါ။
LAN Card - အခြားကွန်ပြူတာတွေကိုဆက်သွယ်ဖို့၊ အင်တာနက်ချိတ်ဖို့အတွက်ပါ။
Power Supply - ဒီကနေ ပါဝါကြိုးတွေကနေတဆင့် ကွန်ပြူတာပစ္စည်းတွေကို လျှပ်စစ်အားပေးပါတယ်။
Data Cable - အချက်အလက်တွေ ကူးပြောင်းဖို့ပါ။
Battery - ကွန်ပြူတာမီးတွေ အားလုံးပိတ်ထားချိန်မှာ မှတ်ဉာဏ်တွေ ပျောက်မသွားစေဖို့။
USB Port - ယူအက်စ်ဘီက ဒေတာရော၊ ပါဝါကိုပါ ကြိုးတခုတည်းနဲ့ ရရှိလုပ်ဆောင်စေနိုင်တဲ့အတွက် မရှိမဖြစ် အသုံးပြုနေကြပါပြီ။
ပြင်ပဟာ့ဒ်ဝဲများ (Extra Hardware)
ကွန်ပြူတာအလုပ်လုပ်ခြင်းနှင့် မသက်ဆိုင်သော ဟာ့ဒ်ဝဲများ
Printer - စာရွက်များထုတ်ယူဖို့ ဖြစ်ပါတယ်။
Scanner - ရုပ်ပုံတွေ ကွန်ပြူတာထဲ ကူးထည့်ဖို့ပါ။
Sound box/Ear phone - အသံတွေနားထောင်ဖို့၊ စကားပြောဖို့။
Web camera - ၀ဘ်ကမ်ရှိမယ်ဆိုရင် တဘက်စကားပြောသူက ကိုယ့်ကိုမြင်ရပါလိမ့်မယ်။ မျက်နှာချင်းဆိုင် စကားပြောချင်ရင်တော့ နှစ်ဘက်လုံးမှာ တပ်ထားပေါ့ဗျာ။

စောကျော်ခရော့စ်

Related Post