ရယူခြင်းသည် ပေးစပ်ဖို့အတွက်

Posted in February 1, 2010
by sawlinux

ရယူခြင်းသည် ပေးစပ်ဖို့အတွက် (For it is giving that we receive)



ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ပို့စ်ကိုတင်ရခြင်းသည် ကျွန်တော် အပါအ၀င် `မိမိရယူထားတဲ့ အရာဝတ္ထမှန်သမျှ` အခြားသူတစ်ပါးကို ပြန်လည်ပေးစပ်နိုင်ဖို့၊ ပရဟိတ လို့ခေါ်လူသိများတဲ့ အများသူငါအကျိုးတွေကို သယ်ပိုးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ စကားပုံသည် -အင်္ဂလိပ်စာမူရင်းမှ ကျွန်တော် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

ညီ၊ အကိုနှစ်ယောက်

ဟိုရှေးတုန်းက အကိုကြီးနဲ့ ညီငယ်နှစ်ယောက်လုံး မိသားစုပိုင်တဲ့လယ်ယာမြေတစ်ခုတည်းမှာအတူတကွ
လုပ်ကိုင်ကြပါတယ်။ အကိုကြီးက အိမ်ထောင်သည်ဖြစ်ပြီး မိသားစုနဲ့အတူနေထိုင်ကြပါတယ်။ အခြားညီငယ်
တစ်ယောက်က လူပျိုလူလွတ်ဖြစ်ပြီး လယ်ယာလုပ်ငန်းတစ်နှစ်တာပြီးဆုံးတဲ့အချိန်တွင် ညီ၊ အကိုနှစ်ယောက် ရရှိလာတဲ့အလယ်ယာအကျိုးအမြတ်တွေကိုဝေငှကြပါတယ်။

တစ်နေ့သောအခါမှာ ညီငယ်က သူ့ကိုယ်သူ စဉ်းစားပြီး ဒီလယ်ယာအကျိုးအမြတ်တွေကို အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ ထင်တယ်။ ငါသည် တကိုယ်တကာယသမားပဲ ဘာအထူးအထွေမှလည်းမလိုအပ်
ဘူး။ ဒါနဲ့ပဲ ညစဉ်ညတိုင်း သူရဲ့စပါးကြီမှ စပါးတစ်အိပ်ကိုယူပြီး သူရဲ့အကိုကြီး စပါးကြီထဲကို သွားထည့်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အကိုကြီးကလည်း သူ့ကိုယ်သူစဉ်းစားပြီ ပြောဆိုမိပါတယ်။ဒီလယ်ယာအကျိုးအမြတ်တွေကို
အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ သူညီနည်းတူ စဉ်းစားခဲ့ပါတယ်။ ကျွန်တော်ဟာ အိမ်ထောင်
သည်ပဲ နောက်ပြီး လာမည့်နှစ်များအတွင်း ကျွန်တော်ကိုစောင့်ရှောက်ဖို့ ကျွန်တော်ဇနီး၊ခလေးတွေ လည်းရှိ တယ်။

ငါ့ညီကတော့ ဘယ်သူမှ သူ့ကိုစောင့်ရှောက်မည့်သူမရှိ၊ သူရဲ့အနာဂါတ်အတွက်လည်း ကြည့်ရှုမည့်သူမရှိ။ ဒါနဲ့ပဲ
အကိုကြီးဖြစ်သူက ညတိုင်း သူရဲ့စပါးကြီးမှ စပါးတစ်အိပ်ကိုယူပြီး သူညီရဲ့စပါးကြီးထဲသို့ သွားထည့်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ နှစ်အတော်ကြာ သူတို့နှစ်ယောက်စလုံး ပဟေဠိဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့လုပ် ဆောင်ချက်တွေကို တစ်ယောက်တစ်ယောက်မသိကြလို့ပါပဲ။ အချိန်တွေကြာညောင်းလာတာနဲ့အတူ အမှောင်ထုကြီးမှားသော ညတစ်ညမှာ ညီ၊ကိုနှစ်ယောက်စလုံး အချင်းအချင်းတိုက်မိုက်ကြပြီးမှ ဒီအဖြစ်
အပျက်တွေကိုသိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို သိခဲ့ပြီးတဲ့နောက် သူတို့ရဲ့လုပ်ဆောင်ချက်ကို ၀မ်းသာ
ကြည်နူးခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကြပါတော့တယ် ။ ။

ကဲ…ဒို့တစ်ထွေလည်း အဲဒီညီ၊အကိုနည်းတူ စိတ်ထားတတ်၊ လုပ်ဆောင်တတ်မယ်ဆိုရင်…ရယူခြင်းသည် ပေးစပ်ဖို့ပဲ
မဟုတ်လား……

Saw Linux

Related Post