Print Friendly and PDF

Graphic အတွက် Corel Draw X5 SP3 vs 15

Posted in November 28, 2011
by sawlinux

ဒီ Core Draw ဆော့ဝဲကိုလိုအပ်သောပုဂ္ဂိုလ်များအတွက် တင်ပေးလိုက်တယ်။ Graphic Designer သမားများအ နေနဲ့ ဒီဆော့ကိုမဖြစ်မနေအသုံးပြုရမည့် tool တစ်ခုဖြစ်ပါတယ်။ ကျနော်တို့အပြင်မှာပန်ချီစွဲသလိုမျိုး လိုအပ်တဲ့ပုံ တွေကို ကိုယ်တိုင်ဖန်တီးစွဲလို့ရတဲ့ဆော့ဝဲတစ်ခုပါ။ နောက်ပြီး keygen ပါတစ်ခါတည်းပါတော့ ထုံးစံအတိုင်း full version ဖြစ်အောင်လုပ်နိုင်တာပေါ့။ အခုပေးလင့်ကနေဒေါင်းကြည့်ပါ။ အဆင်မပြေခဲ့သော် ထပ်ပြောပါ။ ပြန်ပြီး တင်ပေးပါ့မယ်။ ပြီးတော့ တစ်ခါတည်း မြန်မာတျူတိုရီယဲလ် E-book ကိုပါ ဒေါင်းဖို့လင့်ပေးလိုက်မယ်။


Download :
Part 1
Part 2
Part 3
Part 4

Corel Draw Tutorail

စောလင်းနက်စ်

Read more

Multi-core processor (System Configuration) ကိုလေ့လာရအောင်

Posted in November 25, 2011
by sawlinux

ဒီ Multi-core processor နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အနည်းကျဉ်းလောက်တင်ပြချင်ပါတယ်။ သိ သွားရုံ၊ ရိပ်မိရုံပေါ့နော်။ အဲဒါတွေနားမလည်ထားရင် တစ်ချို့ pc components အစိတ်အပိုင်းတွေမှာ ပြင်ဆင်ဖို့ အခက်အခဲတွေ့နိုင်ပါတယ်။ ဒါကြောင့် အဲဒါတွေကို ညွန်းချင်တဲ့သဘောပါပဲ။

ဥပမာ..System Configuration (msconfig)/Boot/Advance Boot Option/ Number of Processor မှာ ၀င် ရောက်ပြင်ဆင်တဲ့အခါကျရင် 1, 2, 3, 4 စသည်အားဖြင့် တွေ့လျှင် ဘာတွေလဲဆိုတာ မခွဲခြားနိုင်ပဲဖြစ်တတ် တယ်။ ကျနော်အဲဒါကို နားလည်စေချင်လို့ ဒီပို့စ်ရေးလိုက်တာပါ။ အမှန်ကအဲဒီနံပါတ်တွေဟာ (Processor CPU) လေးလုံး physical တစ်ခုတည်းမှာ တပ်ဆင်ထားတာကိုဆိုလိုတာမဟုတ်ပါ။ အဲဒီနံပါတ်တွေကို CPU တစ်ခုလုံး တည်းအပေါ်မှာပါဝင်တဲ့ Processor core နံပါတ်ကိုဖေါ်ပြပေးတာဖြစ်တယ်။ Processor core အကြောင်းကို လေ့လာမယ်ဆိုလျှင် Processor CPU Version နဲ့ သူ့မှာပါဝင်တဲ့ core နံပါတ်တွေတွေ့ရမှာဖြစ်တယ်…

(၁) Dual-Core processor (CPU) တွင် = 1, 2 ဆိုပြီး core နံပါတ်နှစ်ခုရှိတယ်။ CPU အမျိုးအစားအားဖြင့်.. (၁) AMD Phenom II X2 (2) Intel Core Duo

(ဆိုလိုတာက AMD Phenom II X2 ဆိုတဲ့ Dual-Core Processor မျိုးဟာ core 1, 2 ဆိုပြီးနှစ်ခုပါဝင်တဲ့သ ဘောပါပဲ။ အလားတူ Intel Core Duo ဆိုတဲ့ Dual-Core Processor မျိုးသည်လည်း core 1, 2 နံပါတ်နှစ်ပါ ၀င်တယ်) ။

(၂) Quad-Core Processor (CPU) တွင် = 1, 2, 3, 4 ဆိုပြီး coreနံပါတ် ၄ ခုထိရှိလာပါတယ်။ CPU အမျိုးအ စားအားဖြင့် (1) AMD Phenom II X4 (2) i3, i5, i7 အကျုံးဝင်တဲ့ Intel 2010 core အမျိုးအစား တို့ဖြစ်ပါတယ်။

(၃) Hexa-core processor (CPU) တွင် = 1, 2, 3, 4, 5, 6 ဆိုပြီး core နံပါတ် ၆ ခုထိရှိလာတယ်။ CPU အမျိုးအစားအားဖြင့် (၁) AMD Phenom II X6 (2) Intel Core i7 Extreme Editon 980X

(၄) Octa-Core Processor (CPU) တွင် = 1, 2, 3, 4, 5, 6, 7, 8 ဆိုပြီး core ၈ ခုထိထပ်ပြီးတိုးလာတယ်။ CPU အမျိုးအစားအားဖြင့် AMD FX-8150 တစ်မျိုးတည်းသာရှိသေးတယ်။

အထက်ပါအချက်အလက်တွေဟာ Processor (CPU) အမျိုးအစားအသီးသီးမှာ ပါဝင်တဲ့ core အရည်အတွက်ပဲ ဖြစ်တယ်။ အဲဒါတွေကိုနားလည်ထားပြီးဆိုလျှင် တစ်ဆက်တည်းဒီနေရာမှာနောက်ထပ်တစ်မျိုးပြောကြမယ်။ တစ်ရက်က သူငယ်ချင်းတစ်ယောက်ကမေးလာ
တဲ့ pc problem တစ်ခုပါ။ အဲဒီပြဿနာက…
Booting Running in safe mdoe - ဆိုတာပါပဲ။ သူပြောတာကို သူ့စက်မှာ ပရော်ဆက်စာ ၄ လုံးလို့သုံးလိုက် တော့ ကျနော်အတော်ခေါင်းရှုပ်သွားတယ်။ တကယ်တော့ အတိအကျပြောပါဆိုလျှင် core processor နံပါတ်လို့ ပြောရပါလိမ့်မယ်။ အခုတော့ ရိပ်ဖမ်းသံဖမ်းမိပြီးလို့ထင်ပါတယ်။

Booting Running in safe mdoe-ပြဿနာကိုဆက်ပြောကြရအောင်…အဲဒီပြဿနာဟာ System Configurati on (msconfig) မှာ Normal Startup ကို Uncheck လုပ်မိတာဖြစ်နိုင်တယ်။

Normal Startup ဖြင့် Boot တက်မည်…

အောက်ပါအတိုင်းလုပ်ဆေင်ပါ…
Start Menu က search ဘောက်စ်တွင် msconfig ဒါမှမဟုတ် Window + R ဖြင့် Run ဘောက်စ်တွင် msconfig လို့ရိုက်ထည့်၊ Enter ခေါက်ပါ။


System configuration ဘောက်စ်ပေါ်လာမည်။


Booting Running in safe mdoe ကနေ Normal boot ပြန်ဖြစ်ချင်လျှင် အဲဒီ Normal Startup ကို check ပြန်လုပ်ပြီး Apply> OK

Booting Running in safe mdoe- (safe mode ကနေ boot တက်ချင်ရင်)
System configuration ဘောက်စ်ရဲ့ Menu တွင် Boot ကိုနှိပ်။ အောက်ပါဘောက်စ်ပေါ်လာမည်။


ဒီဘောက်စ်တွင် Window 7 boot တစ်ခုတည်းရှိတာကိုတွေ့ရမည်။ အကယ်၍ boot နှစ်မျိုးတင်ထားလျှင် နှစ်မျိုးတွေ့ရမှာပေါ့။ ဥပမာ..Window 7 and Linux ဒါမှမဟုတ် Window XP
and Win 7 စသည်။ မိမိက Default boot ဘယ် OS ထားချင်လည်း ဒီမှာရွေးလိုက်ရုံပါပဲ။ ဒါကတစ်ပိုင်း။

အခုက safe mode ကနေ boot တက်ချင်ရင်ဘောက်စ်အောက်မှာပါတဲ့…

Safe boot ကို check လုပ်ပါ။ ပြီးတော့ ညာဖက်က Make all boot settings permanent အကွက်ကိုလည်း check လုပ်ပြီး apply > OK

Boot up Time (Boot တက်ချိန်မြန်အောင်လုပ်မည်)
ဒီတစ်မျိုးက မိမိစက်မှာ Boot တက်ချိန်မြန်အောင်လုပ်နည်းလေးပါ။ ဒီအဆင့်ကိုပါဆက်ရေးရတယ်ဆိုတာ အပေါ် က Multi core processor ဆိုတဲ့အချက်တွေဟာ ဒါနဲ့သက်ဆိုင်နေလို့ပါ။ ဒါကြောင့်ပိုပြီးနားလည်အောင်ဆိုပြီး ဒီ အဆင့်ကိုပါတွဲရေးလိုက်တယ်။

အပေါ်ကအတိုင်း system configuration ကိုဖွင့်မယ်။ ၎င်း menu တွင် boot ကိုဆက်နှိပ်မယ်။ ပြီးတော့ Advance Boot option ကိုပါထပ်နှိပ်ပါ။


ထိုနောက် Number of Processor ရဲ့ လေးထောင့်ကွက်ကို အမှန်ခြစ်လိုက်ပါ။ အမြင့်ဆုံးနံပါတ်ကိုရွေးလိုက်ပါ။ ကျနော်အပေါ်မှာတင်ပြခဲ့တဲ့ CPU အမျိုးအစားလိုက် သူတို့ရှိရမည့် core နံပါတ်လေးတွေသဘောပေါက်လောက် မယ်ထင်တယ်။ လက်ရှိမှာ (၂) အမျိးအစားဖြစ်တဲ့ i3, i5, i7 အကျုံးဝင်တဲ့ Intel and AMD Phenom II X4 တို့ ပဲဖြစ်ပါတယ်။ သူတို့မှာ core နံပါတ် ၄ အထိရှိတယ်ပေါ့ဗျာ။ ကဲ..ဒါဆို မြန်ချင်တယ်ဆိုတော့ နံပါတ် ၄ ကိုရွေး လိုက်တယ်။

(မိမိစက် Default နံပါတ်ကိုတော့မှတ်ထားပါ။ မိမိချိန်းလိုက်တဲ့ နံပါတ်ကို boot တက်လာလို့ တစ်ခုခုအဆင်
မပြေခဲ့သော် မူလနံပါတ်ကိုပြန်ရွေးဖို့လိုလိမ့်မယ်)


ပြီးတော့ Make all boot settings permanent ကို check လုပ်တယ်။ Apply > OK


Confirmation box ပေါ်လာရင် yes ကိုနှိပ်


နောက်ဘောက်စ်မှာလည်း Don’t show this message again ကိုအမှန်ခြစ်ပြီး Restart ကိုသာနှိပ်လိုက်ပါ။


စောလင်းနက်စ်

Read more

အသစ်လေး ESET Smart Security v5.0.93.7

Posted in
by sawlinux

အသစ်လေး ESET Anti Virus ဗားရှင်းပါ။ (x86 & x64) Final + PureFix + Expiry
Date 2017 ရက်စွဲကိုကြည့်လိုက်ရင် ဘယ်လောက်အတိုင်းတာထိအသုံးပြုနိုင်မလဲဆိုတာ သဘောပေါက်
တယ်နော်။ ကြိုက်ရင် စမ်းကြည့်ဗျာ။


Download :
Part 1
Part 2

Read more

Audio Sound အသံပိုင်းပြဿနာဖြေရှင်းနည်း

Posted in November 22, 2011
by sawlinux

ဒီတော့ပစ်ကို စီဘောက်စ်မှာမကြာကြာမေးနေတာတွေ့ရတယ်။ အမှန်က တစ်ခြားဆိုက်မှာလည်းအသံပိုင်းပြဿနာ
များအ တွက်ဖြေရှင်းချက်တွေတင်ထားတာအများကြီးပါ။ ဒါပေမယ့် ကျနော်ဆီမှာလာမေးတော့ကိုယ့်နည်းကိုယ့်
ဟန်နဲ့ ထပ်ပြီးအ ဖြေတစ်မျိုးလေးနဲ့လုပ်ကြည့်တာပေါ့။ အဆုံးသတ်ပုံလေးကတော့ တူတူလောက်ပါပဲ။ အပိုင်း (၂)
ပိုင်းဖြင့် ကျနော်ခွဲပြီးရှင်း ပြချင်ပါတယ်။

အပိုင်း (၁)
အခု Window 7 Feature အခြေခံပြီးပြောတာပေါ့။ အဖြစ်နိုင်ဆုံး sound ပြဿနာက Device Driver ပါပဲ။
အဲဒါဆိုDriver ကို မိမိလက်ရှိသုံးနေတဲ့ OS (Operation System) နဲ့ ကိုက် မကိုက် Check up စစ်ဆေးမယ်။
My Computer> Right Click> Manage> ကိုနှိပ်၊ ထိုနောက် Computer Management ဘောက်
စ်ပေါ်လာမည်။ ပြီးရင် Device Manager ကို click နှိပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း Device Manager
ဘောက်စ်ပေါ်လာမည်။

ညာဖက်က Sound Device ကိုကြည့်လိုက်ပါ။ Question Mark, Exclamation, အ၀ါရောင်တွေရှိနေသလား။
အဲဒါတွေရှိလျှင် sound device Driver ပြဿနာရှိနေတာသေချာသည်။
အဲဒါဆို မိမိစက်နဲ့ကိုက်ညီမယ့် Audio Driver တွေကို ပြန်တင်ရမယ်၊ ဒါမှဟုတ် Driver ကို updateလုပ်ခြင်း
အားဖြင့်၎င်းပြဿနာတွေကို ပြေလည်သွားစေနိုင်တယ်။ Driver update လုပ်နည်းတွေကိုတော့ ကျနော်
ဆက်ပြီးမရေးတော့ပါ။

အပိုင်း (၂)
အထက်ပါ Sound Device ပြဿနာမရှိဘူး။ ဒါပေမယ့် sound အသံက မလာသေးဘူးဆိုလျှင် Window
မှာပါတဲ့Sound Feature တွေကို ထပ်မံစစ်ဆေးရအောင်။
Control Panel > Sound ဒါမှမဟုတ် Task Bar > Sound icon ကို Right Click > Sound
ကိုနှိပ်ပါ။ကျနော်အောက်မှာပြမယ့် ပုံအတိုင်းလိုက်ပြီး မိမိ Sound Feature တွေစစ်ဆေးလိုက်ကြ
ရအောင်...

(၁) Sound Menu တွင် Playback ကိုနှိပ်၊ ပြီးတော့ Speaker/Headphone (ဒီနေရာမှာ usb head
pnoeတပ်ထားရင် usb headphone ပါပေါ်မည်) ကိုတစ်ချက်ရွေးပြီး Properties ကိုဆက်နှိပ်ပါ။


(၂) Speaker/Headphone Properties ဘောက်စ်ပေါ်လာရင် Properties ကိုတစ်ချက်နှိပ်ပြီး ၎င်းရဲ့
Driverအလုပ်၊ မလုပ် ညာဖက်ဘောက်စ်အတိုင်း စစ်ဆေးကြည့်နိုင်သည်။ ပြီးတော့ အောက်ခြေက Device
Usageအကွက်တွင် use this device enable or disable စစ်ဆေးပြီး enable ကိုရွေးပြီး apply > OK


(၃) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Custom > PC Spk Mute ရဲ့လေးထောင့်
ကွက်အမှန်ခြစ်ကို ဖြုတ်ထားပါ။


(၄) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Levels > Speakers အကွက်တို့တွင်
Balance ကို ၀ အထိရှိရင် 22 စသည်အားဖြင့် ထားပါ။


(၅) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Enhancements မှာ ကျနော်အောက်ဘောက်
စ်မှာကွင်း ထားတဲ့ထားပါ။ တစ်ခုခုလုပ်ထားမိလို့အဆင်မပြေခဲ့လျှင် Restore Default ကိုပြန်နှိပ်ပါ။


(၆) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Advanced ကိုနှိပ်၊ အောက်က Default
Format,Exclusive Mode တွေကို ကျနော်ပြတဲ့အတိုင်းထားပါ။ နောက်ပြီး Test ကို အသံလာ မလာနှိပ်ပြီး
စမ်းကြည့်ပါ။ ပြီးတော့ Apply > OK


ဒါတွေအားလုံးပြင်ဆင်ထားခဲ့ပြီးဆိုလျှင် Sound နဲ့ပတ်သက်တဲ့ အသံပြဿနာတွေအနည်းငယ်အဆင်ပြေသွား
မယ်လို့ထင် ပါတယ်။

Earphone/Microphone အသံမကြားရတဲ့ပြဿနာလည်း အလားတူနည်းမှီပြီးဖြေရှင်းနိုင်
ပါတယ်…

အောက်ပါအတိုင်းလိုက်လုပ်ပါ…
Control panel>Sound>Recording ကိုဝင်ပြီး Microphone ပုံလေးကို double click ပေးလိုက်ပါ၊Microphone Properties ဘောက်ကျလာပါလိမ့်မယ်။ Levels ကိုဖွင့်လိုက်ပါ၊
Microphone နှင့် Microphone Boost setting ၂ခုကို တွေ့ ရင်အပေါ်က မိမိတို့ စက်ရဲ့အသံအတိုး၊ အလျှော့၊
လုပ်ပါ။
Microphone boost ကတော့မိမိတို့ ကပြောတဲ့အထွက်အသံပေါ့။ အဲဒီအတိုးအလျှော့လေးကို +40.0 db
ထိမြင့်လို့ရပါတယ်။ ပြီးတော့ ok


အထက်ပါအတိုင်းအားလုံးကိုက်ညီမှုရှိပါလျှက်နဲ့ Sound အသံမလာသေးဘူးဆိုလျှင် DownupVirus ကြောင့် ပဲဖြစ်နိုင်တော့ တယ်။ အောက်ပါအတိုင်းဖြေရှင်းကြည့်ပါ။

ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူတာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်း
ရပ်စ်ကကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာ
က အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။

သီချင်းဖွင့် နားထောင်လို့ အသံလဲ မထွက်။ အသံဆော့ဝဲလ်လဲ မပျက်ရင် သေချာပါပြီး Downup Virus ပါပဲ။
ကြုံဖူးသူတော့ ရှိမှာပေါ့။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။

၁) Downup Cleaner ကို run လိုက်ပါ။ run နေစဉ်အတွင်း တစ်ခြား မည်သည့်အလုပ်မှ မလုပ်ရန်။
၂) ပြီးပါ Ctrl + R ကို နှိပ်၍ Run Box ကို ဖွင့်ပါ။ services.msc ကို ရိုက်ဖွင့်ပါ။
၃) အောက်ဆုံးနားတွင် ရှိသော Windows Audio ကို ရှာပါ။ Started ဖြစ်ရပါမယ်။
၎) မဖြစ်ပါက Double Click နှိပ်ဖွင့်ပြီး Start Botton ကို နှိပ်ပါ။ Apply ၊ Ok ။

Download :
Medaifire
Removal Downup virus Original Link

စောလင်းနက်စ်

Read more

USB ဖြင့် Window ထည့်သွင်းရာတွင် Boot လည်ဖူးသောပုဂ္ဂိုလ်များအနေနဲ့ ဒီတော့ပစ်ကိုဖတ်လိုက်တာနဲ့သိပါ လိမ့်မယ်။ USB နဲ့ Window မတင်ဖူးသောပုဂ္ဂိုလ်များအတွက်တော့ ဗဟုသုတအသစ်တစ်ခုတာပေါ့ဗျာ။ အားလုံး သိပြီးသားပါ။ Window အသစ်ထည့်သွင်းတာဖြစ်ဖြစ်၊ ပြန်ပြီး Reinstall လုပ်တာဖြစ်ဖြစ် CD/DVD Drive နဲ့ အ သုံးပြုတာရှိသလို USB နဲ့လည်း အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းကြပါတယ်။

အဲဒီနှစ်မျိုးတွင် CD/DVD Drive ကိုအသုံးပြုပြီး Window ထည့်သွင်းတာက အလွယ်ဆုံးနည်းလို့ပြောရမှာပါ။ အဲ ဒီနည်းနဲ့အကျွမ်းတ၀င်ရှိပြီးကာမှ USB ကို အသုံးပြုပြီး Window ထည့်သွင်းဖို့ထပ်မံကြိုးစားကြတာများပါတယ်။ ကျနော်လဲ ဒီအတိုင်းပဲဝင်းဒိုးထည့်သွင်းတာအဆင့်ဆင့်လုပ်ဆောင်ခြင့်ဖြင့် အတွေ့အကြုံကောင်းတစ်ချို့ကိုရရှိ ခဲ့ပါတယ်။ ကျနော် ပထမကြိမ် Window ကို USB နဲ့ ထည့်သွင်းတဲ့အခါတုန်းက ဒီ Boot လည်တဲ့ပြဿနာဟာ ချွှေးပြန်တဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ စဉ်းစားရင်းနဲ့အဖြေပေါ်ခဲ့တယ်လို့ဆိုကြပါစို့။ နောက်ပြီး ကျနော် စက်သုံးလေး လုံးလောက်လုပ်ခဲ့ပြီးမှ သူငယ်ချင်းတွေကို ပြန်လည်ဖေါက်သည်ချနိုင်တာ။ ဒါပေမယ့်…ကျနော်သိခဲ့တဲ့အဖြေ ထက်တစ်ခြားဖြေရှင်းချက်ကောင်းများလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ နောက်ပြီး Boot Menu မှာ ကျနော်အ ကျွမ်းတ၀င်မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဘာဖြစ်ဖြစ် ကျနော်ရရှိခဲ့တဲ့ဖြေရှင်းချက်သည်လည်း ”USB ဖြင့် Window ထည့်သွင်းရာတွင် Boot မလည် အောင်”လုပ်တဲ့နေရာမှာ ဖြေရှင်းချက်ကောင်းတစ်ခုအပါအ၀င်ဖြစ်ပါလိမ့်မယ်။

ဖြေရှင်းနည်း….

Window Install ထည့်သွင်းရာတွင် သိပြီးသားအတိုင်း…အတိုချုံးကိုပဲပြောမယ်။ မိမိကီးဘုတ်ပေါ်က အက္ခရာ အစဉ်လိုက်Boot ထဲကိုဝင်မယ်။ အောက်ကနှစ်မျိုးတွင် တစ်မျိုးမျိုးနဲ့တင်မယ်ပေါ့ဗျာ…
(၁) CD/DVD Drive နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ CD/DVD Drive ကိုရွေးမည်။
(၂) USB Port နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ USB အမျိုးအစားကိုရွေးမည်။

ကဲ…ဒီနေရာမှာ USB အတွက်အဓိကပြောတယ်ဆိုတော့ အပိုင်း(၂)ကိုရွေးလိုက်တယ်နော်။ ထည့်သွင်းလိုက်ပြီး ဆိုကြပါစို့။ ပါတေးရှင်းအပိုင်းရောက်ရင် ပါတေးရှင်း edit လုပ်တယ်။ ကဲ.ပြီးတော့ Partition 2 ကိုရွေးပြီး Next ကိုပဲဆက်နှိပ်လိုက်ပေါ့ဗျာ။ Next ကိုနှိပ်လိုက်တာနဲ့ Window အင်စတောထည့်သွင်းတဲ့ Processing တွေ့ရမှာ ဖြစ်တယ်။ ၀င်းဒိုးထည့်သွင်းစဉ်တွေ့ရမယ့်အပိုင်းမှာ…
Copying files,
Expanding files,
Installing update,
Install features,
Completing Installation ….

အောက်ပါပုံအတိုင်း...

ဆိုပြီး အပိုင်း (၅)ပိုင်းတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပိုင်း (၅)ခုတွင် ….
Copying files,
Expanding files,
Installing update,
Install features အရောက်တွင် Restart ကျမှာဖြစ်တယ်။ အဓိကပြောရမယ့်ပြဿနာက ဒီနေရာပါပဲ။

CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းရင်…
ဒီနေရာရောက်တာနဲ့ Restart ကျမယ်။ ပြီးတော့ Automatic Boot ပြန် တက်လာပြီး Completing Installation ကို ဆက်လုပ်သွားမှာဖြစ်တယ်။ ဒါက CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်တဲ့အပိုင်းပါပဲ။ ဒီနည်းက Boot မှာ ဘာဝင်ချိန်းစရာမှမလိုပါဘူး။

ပို့စ်တော့ပစ်ရဲ့အဓိကအဖြေ
USB နဲ့ ၀င်းဒိုးထည့်သွင်းရင်…
Copying files,
Expanding files,
Installing update,
Install features ဒီအဆင့်ရောက်ရင် ထုံးစံအတိုင်း Restart ကျမယ်။ Restart ကျတာနဲ့ မိမိကီးဘုတ်က Boot ၀င်ဖို့ ကီးတွေကိုအဆင်သင့်နှိပ်ထားလိုက်ပါ။ ပြီးတော့ Boot Menu တွင် First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ကိုရွေးပြီး save and exit လုပ်ဖို့ F10 ကိုနှိပ်။ ဒါဆို HDD ကနေ Boot တက်ပြီး Completing Installation….အပိုင်းကို ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။ အကယ်၍ ဒီလို Boot ၀င်မချိန်းရင် Installation အစကနေပြန်ပြီးသွားပြီး Boot လည်နိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အဲလို Boot မလည် အောင် Boot Menu > First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ပြောင်းဖို့လိုကြောင်းခင်ဗျား။

စောလင်းနက်စ်

Read more

Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

Posted in November 14, 2011
by sawlinux

အချိန်ရတာနဲ့ Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်းအခြေခံလေးတွေကို ဗွီဒီယိုဖိုင်နဲ့ရှင်း ပြထားပါတယ်။ ဒီဗွီဒီယိုတည်းဖြတ်နည်း tutorial ကို အခြေခံပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဗွီဒီယိုဖိုင်လေးနဲ့ ဗွီဒီယိုတည်းဖြတ်လိုသူများအတွက် အထောက်အကူအနည်းငယ်ဖြစ်တယ်ဆိုရင်ပဲ ကျနော် ကြိုးစားတင်ပြရကျိုးရှိတယ်လို့ဆိုရမှာပါ။

Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၁)


Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၂)


Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၃)


Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၄)


စောလင်းနက်စ်

Read more

AVS Video Converter 8.1

Posted in November 13, 2011
by sawlinux

ဟိုလုပ်ဒီလုပ်နဲ့ ပို့စ်တွေသိပ်မတင်ဖြစ်ဘူးဗျာ။ အခုအချိန်ရတာနဲ့ အသုံးတည့်မယ့်ဆော့ဝဲလေးတွေတင်ပေးလိုက် တယ်။ ဒီ converter ဟာ xillisoft converter လိုပဲအသုံးတည့်ပါတယ်။ နောက်ပြီး video edit ပါပြုလုပ်နိုင်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ ကျနော်က ကောင်းတဲ့ဆော့ဝဲတွေ့ရင် ၀ါသနာတူသူများထံရှယ်ယာပေးလျှက်ပါ။ ဒါလဲ လုပ်နိုင်တဲ့အချိန်မို့လို့ လုပ်တာပါ။ အားအားယားယားလိုက်လုပ်တာတော့မဟုတ်။ ဘာဖြစ်လို့လဲဆိုတော့ ၀ါသနာ မရှိရင် ဒီအလုပ်တွေဟာ လုပ်ဖြစ်ဖို့ဆိုတာအင်မတန်ခက်ခဲလို့ပါ။ ကဲ…ထားလိုက်ပါတော့…

အခုပေးထားတဲ့ ဒေါင်းလုဒ်ဖိုလ်ဒါထဲမှာ AVS Video Converter ဆိုတဲ့ crack ဖိုင်ပါပြီးသား။ အဲဒါနဲ့ full version ဖြစ်အောင်လုပ်ရုံပါပဲ။ လုပ်တတ်မယ်လို့မျှော်လင့်ပါတယ်။



INSTALLATION NOTES:
1. Unzip, unrar and install the program.
2. Replace the original file(s) with those in crack.zip, in path C:/ Windows/Program files/AVS
Video Converter.
3. Enjoy !

Download :
Mediefire

Read more

PDF Converter Pro 10.07

Posted in
by sawlinux



PDF Converter Pro Support 149 File Formats:

Microsoft Word (DOC, DOCX), Microsoft Excel (XLS, XLSX), Microsoft PowerPoint (PPT, PPTX), Microsoft Visio (VSD), Microsoft Works (WDB, WPS, DOCX, XLSX), AutoCAD (DWG, DXF, DWF), CorelDraw (CDR), Corel Presentations (SHW), WordPerfect (WP5, WP6, WPD, WPF), WordStar (WS), DocuWorks (XDW), QuattroPro (WB1, WB2, WQ1), Rich Text Format (RTF), Text Format (Txt), Hyper Text Markup Language (Htm, Html), Windows Bitmap (BMP), JPEG Compressed Image (JPG, JPEG, JP2) etc 149 File Formats.

PDF Converter Pro Keywords:

DOC to PDF, DOCX to PDF, XLS to PDF, XLSX to PDF, PPT to PDF, PPTX to PDF, VSD to PDF, WDB to PDF, WPS to PDF, DOCX to PDF, XLSX to PDF, DWG to PDF, DXF to PDF, DWF to PDF, CDR to PDF, SHW to PDF, WP5 to PDF, WP6 to PDF, WPD to PDF, WPF to PDF, WS to PDF, XDW to PDF, WB1 to PDF, WB2 to PDF, WQ1 to PDF, RTF to PDF, Txt to PDF, Htm to PDF, Html to PDF, BMP to PDF, JPG to PDF, JPEG to PDF, JP2 to PDF, GIF to PDF, DCX to PDF, TIFF to PDF, TIF to PDF, PNG to PDF, PCX to PDF, PDF to PDF, PRT to PDF etc 149 File Formats.

Download :
filesonic.com

Read more

Kaspersky World v1.2.3.30 | Activator

Posted in
by sawlinux

Kaspersky World ဆိုတာက antivirus products Kaspersky Lab တွေကို full version ဖြစ်အောင် ပြုလုပ်လို့ တဲ့ tool တစ်ခုဖြစ်တယ်။ အောက်က Key feature ကိုကြည့်လိုက်ရင် သဘောပေါက်နိုင်ပါတယ်။ ထည့်ပုံထည့် နည်းကို ကိုယ့်ကိုပဲစမ်းကြည့်လိုက်ပါ…


Key features:
- Download the latest keys
- Tweaks Kaspersky
- Kaspersky key activator
- Advanced settings of Kaspersky
- Reset activation (perpetual trial)
- Auto-update

Download :
fileserve.com

Read more

Adobe After Effects CS4 with Serial

Posted in November 8, 2011
by sawlinux

ဒီဆော့ဝဲဟာ ဘာအတွက်အသုံးပြုသလဲဆိုတော့ မနေ့ကရေးခဲ့တဲ့တော့ပစ်မှာပါပြီးသား။ သို့သော် CS 4 လိုချင် တယ်ဆိုတာနဲ့ထပ်တင်ပေးလိုက်တယ်။ VCD Karaoke စာတန်းထိုးနည်း ပြုလုပ်တဲ့နေရာမှာ အသုံးအများဆုံး ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ ကျနော်လဲပြုလုပ်နည်းတွေလေ့လာနေဆဲမို့ tutorial ရေးမပြနိုင်သေးပါဘူး။ English လို tutorial လိုချင်တယ်ဆိုရင်အဆင်သင့်ပါပဲ။

တကယ်တော့ ဒီဆော့ဝဲတွေအပိုင်းအပိုင်းဖြတ်ပြီးတင်ပေးတယ်ဆိုတာ google search engine မှာရှာရတာ အချိန်မရသူတွေအတွက်ပါ။ အမှန် torrent ဒေါင်းလုဒ် tool ကို အသုံးပြုတတ်သူများအနေနဲ့ ကျနော့်ဆိုက်မှာ အချိန်ကုန်ပြီး လာဒေါင်းမှာမဟုတ်လောက်ပါဘူး။ ဒါကြောင့် ကျနော်ပြောနေကျ ဒီဆိုက်မှာ ကျနော့လိုအခြေ ခံဝါသနာတူသူများအတွက်သာ ရည်ရွယ်ပါတယ်။

Download :
Adobe After Effects CS4.part01.rar
Adobe After Effects CS4.part02.rar
Adobe After Effects CS4.part03.rar
Adobe After Effects CS4.part04.rar
Adobe After Effects CS4.part05.rar
Adobe After Effects CS4.part06.rar
Adobe After Effects CS4.part07.rar
Adobe After Effects CS4.part08.rar
Adobe After Effects CS4.part09.rar

စောလင်းနက်စ်

Read more

Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်ဖန်တီးပေးနိုင်တဲ့ဆော့ဝဲလေးတွေနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ဒါပေမယ့် ဒီဆော့ဝဲများရဲ့ Tutorial ပြုလုပ်နည်းတွေကိုတော့ ကျနော်မတင်ပြနိုင်သေးပါ။ ကျနော် အချိန်မရတာတစ်ကြောင်း၊ နောက်ပြီး Edit သမားမဟုတ်တာတစ်ကြောင်းရယ်ပေါ့။ အဲဒါတွေအချိန်ပေးနိုင်တဲ့ တစ်နေ့ဆို ပို့စ်အဖြစ်ရောက်အောင် ကျနော်ကြိုးစားပေးမှာပါ။ ကျနော်တို့တတ်တဲ့ သိတဲ့အရာတွေဟာ အများအ တွက်ဖြစ်ဖို့ အာရုံထားဖို့လဲလိုတယ်မလား။

ကျနော်သိသလောက်ပြောရရင်တော့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်တဲ့ဆော့ ၀ဲများဟာ အောက်ပါ ပရိုဂရမ်များတွေပါပဲ။ တစ်ခုချင်းဆီ tutorial ပြုလုပ်နည်းတွေကို နောက်မှပဲရေးတော့မယ်။
1.Karaoke Kit
2. VirtualDub's subtitler
3. Adobe After Effects & Photoshop
4. Kbuilder
5. Aegisub
အထက်ပါဆော့ဝဲ ငါးမျိုးထဲမှာ တစ်မျိုးမျိုးနဲ့ ကျနော်တို့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြု လုပ်လို့ရနိုင်ပါတယ်။ အဲဒီငါးမျိုးတွင် Adobe After Effects နဲ့ Aegisub နှစ်မျိုးကတော့ Video Subtitle အ တွက် အသုံးများတဲ့ဆော့ဝဲတွေပဲဖြစ်တယ်။ လိုအပ်ရင်ဒေါင်းနိုင်ဖို့ တစ်ခါတည်းတင်ပေးလိုက်မယ်။

Dwonload :
Karaoke VCD kit.rar
VirtualDub (codec).zip
KBuilder 3.5.1.620.rar
Adobe After Effects CS5.exe.002
Aegisub 2.1.8 setup.rar

အခြားဒေါင်းလုဒ်နိုင်သော video editing tool များဒီဆိုက်မှာလဲလေ့လာနိုင်သည်။
make-karaoke-subtitle

စောလင်းနက်စ်

Read more

Eset Anti Virus တစ်သက်လုံးသုံးကြမလား

Posted in November 4, 2011
by sawlinux

ကျနော်အခုရေးပြချင်တာက Eset Anti Virus ဆော့ဝဲကို အင်တာနက်ကွန်နက်ရှင်မရှိဘဲ Crack ချိုးပြီးတော့ သုံးမယ်။ offline အဖြစ်သုံးလို့ရတဲ့သဘောပါ။ ESET Smart Security 4, ESET NOD32 Antivirus 4 နှစ်ခု စလုံး offline နဲ့ သုံးလို့ရအောင် လုပ်နည်းလေးပေါ့။
”Eset NOD32 Offline Update လုပ်နည်း” လည်း ကျနော်ရေးခဲ့ပြီးပါပြီ။ လိုအပ်ရင် ဒီနေရာမှာ သွားရောက်ဖတ် ပါ။


အရင်ဆုံးအောက်ပါ ESET ရဲ့ App ကိုဒေါင်းလိုက်ပါ။

Download :
ESET Smart Security 4
ESET NOD32 Antivirus 4
Eset User name and password

Download ESET4 Box4EVER v4.30A.exe :
ESET4 Box4EVER v4.30A.exe

Eset Anti Virus ကို Offline အဖြစ်အသုံးပြုနည်း...

၁။ ESET Smart Security သို့မဟုတ် NOD32 Antivirus 4 ကိုကိုယ်ကြိုက်နှစ်သက်ရာကို ဒေါင်းလုဒ် လုပ်ပြီး Run လိုက်ပါ...၊

၂။ ထိုနောက် ESET ပရိုဂရမ်ကိုဖွင့်လိုက်ပါ။ ပြီတော့ ကီးဘုတ်ပေါ်က F5 ဆိုတာကိုနှိပ်၊ ပြီးရင်ပေါ်လာတဲ့ Antivirus and antispyware ဆိုတဲ့ အထဲက Enable self-defense ရဲ့ အမှန်ခြစ်ထားတာလေးကို ဖြုတ်ပေးလိုက်ပါ။ ဒါဆို ကွန်ပြူတာက Restart လုပ်ဖို့ လိုကြောင်းကို ပြောလာပါလိမ့်မယ်၊ Restart လုပ်ပေးလိုက်ပါ...၊

၃။ ဒီအဆင့်က ESET4 Box4EVER_v4.30A.exe ကို Run လိုက်။ ဒါဆို Box လေးတစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီ box လေးထဲက Lock ဆိုတာလေးကို နှိပ်လိုက်ပါ...၊

၎။ ပြီးရင် Run ထားတဲ့ ESET သို့မဟုတ် NOD 32 ကို F5 ပြန်နှိပ်၊ Enable self-defense ကိုပြန်အမှန်လေး ခြစ်ပေးလိုက်။ နောက်တစ်ကြိမ် Restart ပြန်ချလိုက်ပါ။

31 ရက်သာသုံးလို့ရတဲ့ အဲဒီ ESET ကို မကုန်ဆုံးနိုင်တော့ပဲ။ အမြဲတန်း 31 ရက်တည်ရှိနေမှာဖြစ်တယ်။

Read more

ArcSoft ShowBiz DVD v2.1.9.67

Posted in November 3, 2011
by sawlinux

ဒီဆော့ဝဲဟာလည်း ဗွီဒီယို editing တည်းဖြတ်နိုင်တဲ့ tool တစ်ခုဖြစ်တယ်။ Premiere, Pinnacle Video Studio ဆော့ဝဲတွေကို မသုံးတတ်သောပုဂ္ဂိုလ်များအတွက် Professional အဖြစ်မသုံးနိုင်သည့်တိုင် ရိုးရိုးမှတ်တမ်းဗွီဒီယို အဖြစ်ကောင်းကောင်းတည်းဖြတ်လို့ရတဲ့ ပရိုဂရမ်တစ်ခုပါပဲ။ ကျနော်ကွန်ပျူတာစကိုင်တုန်းက ဗွီဒီယိုဖိုင်လေးကို ဒီဆော့ဝဲနဲ့ပဲ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် လိုအပ်ရင်အလွယ်တကူရနိုင်အေင်တင်ပေးလိုက်တယ်။ keygen ပါ တော့ ပိုပြီးအဆင်ပြေတာပေါ့။ ကျနော်တင်ပေးတဲ့ဆော့ဝဲအများစုသည် full version ကိုပဲ ကြိုးစားတင်ပေးပါ တယ်။


Download :
ArcSoft ShowBiz DVD v2.1.9.67.part1.rar
ArcSoft ShowBiz DVD v2.1.9.67.part2.rar
ArcSoft ShowBiz DVD v2.1.9.67.part3.rar
ArcSoft ShowBiz DVD v2.1.9.67.part4.rar
http://www.mediafire.com/?748v5un82a7v6zn

စောလင်းနက်စ်

Read more

Avast! Internet Security & Pro Antivirus 6.0.1000 Full Till 2050

Posted in November 2, 2011
by sawlinux

Anti Virus ထဲမှာ Avast! Internet Security Antivirus သည်လည်း အသုံးများတဲ့ Anti Virus tool တစ်ခုဖြစ် တယ်။ အခုဗားရှင်းသည် နောက်ဆုံးသူ့ရဲ့ဗားရှင်းဖြစ်သည့်နှင့်အညီ သင့်ကွန်ပျူတာရဲ့ spyware, firewall, phishing schemes, web virus များကို ကာကွယ်ပေးနိုင်တဲ့ Anti Virus tool ဆိုရင်မမှားဘူးပေါ့ဗျာ။


အောက်ပါ Key Features ဖတ်ကြည့်ပါ…ပြီးတော့ ကြိုက်ရင် ဒေါင်းလိုက်ပါ…

Features:
* Continuous protection against viruses and spyware
* Ensures all mails sent and received are clean
* Keeps you protected from “chat” infections
* Stops attacks from hijacked websites
* Lets you safely browse suspicious websites or run unknown applications
* Allows safe and uninterrupted gaming
* Compatible with Windows XP, Vista and 7
* New user interface

Download :
megaupload.com

Read more

Cyberlink Power DVD (Version မျိုးစုံ)

Posted in November 1, 2011
by sawlinux

Cyberlink Power DVD ကို ဗားရှင်းမျိုးစုံတင်ပေးလိုက်တယ်။ ဒီဆော့ဝဲတွေကို sysfilm.com မှာရယူထားတာပါ။ လိုအပ်သူများအတွက် လင့်ပေးတဲ့သဘောပါပဲ။ ကျနော်တို့ဆိုက်လုပ်ထားတယ်ဆိုတာ ကောင်းတာတွေ့ရင် စု မယ်။ နောက်ပြီး ပြန်ရှယ်ပေးမယ်။ ဒီလောက်ပါပဲ။ Cyberlink Power DVD ကတော့ DVD ခွေ၊ DVD ဖိုင်တွေကို ဖွင့်တဲ့နေရာမှာ အကောင်းဆုံး Player ပဲတစ်ခုပါပဲ။ ဒါကြောင့် ကျနော်စက်တွေ ၀င်းဒိုးတင်ပေးတိုင်း အသုံးပြုတဲ့ Media Player တွေကတော့ Window Media Player, VLC, Power DVD ဒီသုံးမျိုးကို ပင်တိုင်စံပေါ့ဗျာ။


Download :
Cyberlink PowerDVD 11.rar
Cyberlink Powerproducer 5.5.rar
Cyberlink PowerCinema v6.rar
CyberLink YouCam Deluxe 4

Read more

Adobe Photoshop CS and CS2 with keygen

Posted in
by sawlinux

Adobe Photoshop ဆို တစ်ခြားဗားရှင်းတွေ ဘယ်လောက်ကောင်းကောင်း ဒီနှစ်မျိုးကတော့ အတော်ကိုအသုံး ပြုနေကြဆဲဖြစ်ပါ။ ဒီဗားရှင်းနှစ်မျိုးကိုလိုအပ်သူများအတွက် လင့်ထပ်ပေးလိုက်တယ်။ အမှန်က ”Essential Software for Windows” ဆိုတဲ့ပို့စ်မှာတင်ထားပြီးသားပါ။ ဒါပေမယ့် လာလာမေးနေကြဆိုတော့ သီးသန့်ပြန် တင်ပေးလိုက်တယ်။ ကျနော့်ဆိုက်မှာ ကွန်ပျူတာအတွက်အသုံးတည့်မည့်ပို့စ်၊ ဆော့ဝဲတွေအတော်အသင့်တင် ထားခဲ့ပါတယ်။ လိုအပ်ရင် အရင်ရှာကြည့်ပါ။ မတွေ့ရင်တော့ စီဘောက်စ်မှာအော်ခဲ့ပေါ့ဗျာ။ ကျနော့်မှာရှိရင် တင်ပေးပါ့မယ်နော်။


Adobe Photoshop CS (Key ပါပြီးသား)
Download Link:
Adobe Photoshop CS

Adobe Photoshop CS2 (Keygen ပါပြီးသား)
Download Link:
part 1
part 2
part 3
part 4

Read more

stat counters
Copyright 2010 @ စောမေဓာ
back to top